1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, January 29, 2015

(အရှင်မေဓိယ/မိခင်ဧရာဝတီ)

အံ့သြစရာကောင်းတဲ့သားသ္မီး
****************************************************
နီရဲတဲ့သွေးကို အဖြူရောင်အတိဖြစ်လာတဲ့အထိသားသ္မီးတွေအပေါ်မှာ မေတ္တာစေတနာတွေထားပြီး နို့ချိုတိုက်ကျွေး ပြုစုစောင့်ရှောက်လာခဲ့ကြတဲ့ မိခင်တွေ အိုမင်းလာတဲ့အခါ တချို့သောသားသ္မီးတွေက အိုမင်းနေတဲ့မိဘတွေဟာ ချေးမလွတ်သေးမလွတ်သိတချက်မသိတချက်နဲ့ အသက်ရှည်နေလို့ဘာအကျိုးထူးမှာလဲလို့ တွေးတက်ကြတယ်မိမိရဲ့ငယ်စဉ်ဘဝကိုပြည်လည်စဉ်းစားကြည့်လိုက်ပါ သန္ဓေတည်စအချိန်ကစပြီ့း  မိခင်တွေမှာ ရင်သွေးငယ်ဒုက္ခဖြစ်မည်စိုးလို့အချိုအချဉ်အပူအစပ်ကို လုံးလုံးရှောင်ရင်းအငတ်ခံရတဲ့ဒုက္ခကိုရင်မှာပိုက်ပြီး အသက်ပေးလို့ မွေးခဲ့ကြတယ် အမိဝမ်းကကျွတ်လို့ လူလောကကိုရောက်လာပြန်တော့လဲ မကျေနပ်မှုလိုအပ်မှုစတဲ့အရာတွေကို ငိုယိုအချက်ပေးရုံကလွဲလို့ ဘာမှမသိတက်ကြတဲ့ သားသ္မီးတွေကို အရိပ်တကြည့်ကြည့်နဲ့ပြုစုစောင့်ရှောက်လာခဲ့ကြတဲ့ မိခင်တယောက်ရဲ့ဒုက္ခဟာ သားသ္မီးတွေရဲ့ မိခင်အိုအပေါ် စောင့်ရှောက်ရတဲ့ဒုက္ခနဲ့ယှဉ်လိုက်ရင် သားသ္မီးတွေရဲ့ဒုက္ခဟာ မပြောပလောက်ပါဘူး မိခင်တွေသာ ဘာမှမသိတက်လို့ ဘာကျိုးမှမထူးဘူးဆိုတဲ့ အသိနဲ့မပြုစုမမွေးမြူခဲ့ဘူးဆိုရင် သားသ္မီးတွေ လူဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါဘူး ဒါပေမယ့် မခင်တွေမှာ ဒီလိုတွေးဖို့ စိတ်ကူးတောင်မရှိခဲ့ကြပါဘူး ဒီလို အသက်ပေးပြီးပြုစုစောင့်ရှောက်ခဲ့တဲ့မိခင်တွေအပေါ် အသက်လေးတောင်ရှည်အောင် ပြန်လည်ပြုစုမပေးချင်ကြတဲ့ သားသ္မီးမျိုးကတောအံ့သြစရာပါပဲ.............................

           အရှင်မေဓိယ-မိခင်ဧရာဝတီ့

No comments:

Post a Comment