1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, January 26, 2015

မဘသ


“မဘသ(ဗဟို)ကြေညာချက်”
====================
အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

ကုသလမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဇန်နဝါရီလ ၁၆၊ ၂၀၁၅ ရက်နေ့ဝယ် ဆီဒိုနားဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီနှင့် ရိုဟင်ဂျာဟူ၍ အသုံးအနှုန်းအငြင်းပွားနေသော်လည်း ကုလသမဂ္ဂထံ အစီရင်ခံ တင်ပြရာတွင် ရိုဟင်ဂျာဟုသာ သုံးစွဲတင်ပြမည်ဟုလည်းကောင်း၊ ရိုဟင်ဂျာကို ဘင်္ဂါလီဟုသတ်မှတ်ပါက နိုင်ငံသားအခွင့်အရေးအပြင် အခြားအခွင့်အရေးအားလုံး ဆုံးရှုံးသွားမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂလူနည်းစုအခွင့်အရေး စံနှုန်းများအရ နိုင်ငံတကာမှလည်း ရိုဟင်ဂျာခေါ်ဝေါ်သောကြောင့် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဆိုမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေးရေးနှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့် ပြုရေးအတွက် မြန်မာအစိုးရအား တိုက်တွန်းရန်(၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း အဆိုတင်သွင်းခဲ့ပါသည်။
၁။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု သမိုင်းစဉ်ဆက်တွင် ရိုဟင်ဂျာဟူသောအမည် လုံးဝမရှိခဲ့ပါ။ ၁၉၇၅-ခု ဒီဇင်ဘာ-၂၃ရက်စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံရုံး၏ သဘောထားမှတ်ချက်တွင်လည်း Bangladesh and Burma. He admitted that there were upward of a million Bangalee Trespassers in Arakan wham the Burmes had some right to eject. ဟု ခိုးဝင်ဘင်္ဂါလီ ကုလားများအဖြစ်သာ မှတ်ချက်ပြုထားသည့် အထောက်အထားလည်း အခိုင်အလုံရှိနေပါသည်။ ရိုဟင်ဂျာဟူသော အမည် အသုံးအနှုန်း လူမျိုးများ လုံးဝ မရှိခဲ့ပါ။
၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသိအမှတ်ပြု တရားဝင်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံတစ်နိုင်ငံသည် ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ တစ်ချိန်က ကမ္ဘာ့စစ်မီးကြီး ဖြစ်လုနီးပါး တကဲကဲ အသည်းယားစရာ ဖြစ်နေသည့် တတိယကမ္ဘာ စစ်ကြီးကိုပင် မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ကိုယ်တိုင်ဦးစီးပြီး သမာသမတ်ကျအောင် ကမ္ဘာကပင်လေးစားရသော ဆုံးဖြတ်ကိုင်တွယ်ဖြေရှင်းပေးခဲ့ဖူးသည့် သမိုင်းကြောင်းကြီး ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့ပါသည်။ ဒါဟာ တာဝန်ယူ ကိုင်တွယ်ဆုံးဖြတ်သည့် ဦးဆောင်ပုဂ္ဂိုလ်၏ အရည်အသွေး မှတ်ကျောက်ပင် ဖြစ်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံ၏အရေးကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ မြန်မာ့ပြည်တွင်းရေးကို အခြား မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်း မည်သည့်လူမျိုးကမျှ ဝင်ရောက်စွက်ဖက် ဖိအားပေးအကြပ်ကိုင်ခြင်း ပြုလုပ်ခွင့်လုံးဝမရှိပါ။
၎။ ယင်းသို့ပြောကြားခဲ့ခြင်းသည် မြန်မာ့တိုင်းပြည်နှင့် လူမျိုး သမိုင်းအစဉ်အလာကို ဖျက်ဆီးရာရောက်ရုံမက အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ရာရောက်သဖြင့် ကုလသမဂ္ဂ၏ အခြေခံမူဝါဒများ သဘောထားများ ပဋိညာဉ်များကို ချိုးဖောက်ရာ လည်းရောက်သည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးမားသည့်ဂုဏ်သိက္ခာများကိုပင် များစွာထိခိုက်စေနိုင်ပါသည်။
ယနေ့ ကမ္ဘာ့ဒေသအသီးသီး၌ ကမ္ဘာကိုအန္တရာယ်ပြုနေသော လူ့အခွင့်အရေးချိုးဖောက်နေသော အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ နိုင်ငံများကိုတော့ မသိကျိုးကျွံ မျက်ကွယ်ပြုနေသည်မှာ ရှက်ဖွယ်ကောင်းလှ ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးကို အားကိုးရကျိုးနပ်ချင်လှပါသည်။
ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်အကြမ်းဖက်ဝါဒီများ၏ အန္တရာယ်ကို အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမဏီ ပြင်သစ် အမေရိကန် ဗြိတိန် တရုတ် ရရှား အပါအဝင် တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး သူ့နည်းသူ့ဟန်ဖြင့် အမျိုးသားလုံခြုံရေး ကာကွယ်နေကြရသည်ကို ကမ္ဘာ့စစ်မျက်နှာများ၌ ထင်ထင်ရှားရှား တွေ့နေရပါသည်။

အဖက်ဖက်က ညီညွတ်ရေးတည်ဆောက်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် စာနာနားလည်နိုင်လိမ့်မည်ဟု တစ်ထစ်ချယုံ ကြည်မိပါသည်။ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်နေသည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများက နားလည်ပေးကြပါ ကိုယ်ချင်းစာပေးကြပါဟု အထူးတိုက်တွန်းပါသည်။
အဆိုပါအခြေအနေ အရပ်ရပ်တို့ကြောင့် မြန်မာ့လက်ရှိဥပဒေနှင့် မကိုက်ညီသည့် မစ္စယန်ဟီးလီ၏ အဆိုပါ ပြောဆိုချက်ကိုလည်း လုံးဝလက်မခံကြောင်း ပယ်ချကြောင်း မြန်မာနိုင်ငံတိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအားလုံး၏ကိုယ်စား မဘသ အဖွဲ့ကြီးက သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment