1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, January 30, 2015

ကုမုဒြာအရှင်

ကုမုဒြာအရှင်

Replies: 0
By: အရှင်ပညာသာရ(ဘိုကလေး)

***နေ့ ထူးနေ့ မြတ်ဖြစ်သော နေ့ တစ်နေ့ *** ယနေ့ 14.2.2014 ဗယ်လင်တိုင်းဒေးနေ့လို့  သတ်မှတ်ထားတဲ့ ဒီနေ့လေးဟာ ဦးဇင်းတို့  မြန်မာလူးမျိုးတွေ ဗုဒ္ဓဘာသာဝင်တွေ ၏ ထူးခြားသော နေ့ ထူးနေ့ မြတ် ဖြစ်တယ်ဆိုတာကို သိစေချင်လို့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါတယ် မြန်မာလူမျိုးတွေဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ယဉ်ကျေးမှု အစ၇ှိသည်ကို မေ့လျှော့၍ ဗယ်လင်တိုင်းဒေးလို့  သတ်မှတ်ထားတဲ့ တိုင်းတစ်ပါးမှ လာသော ယဉ်ကျေးမှုကို အဟုတ်လုပ်၍ လုပ်ဆောင်နေခြင်းသည် မြန်မာလို့ ပြောရမှာကိုပင် ၀န်လေးပါတယ် တကယ်တော့....ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် သာသနာတော်သက္ကရာဇ် ၂၅၅၇ခုနှစ် တပို့ တွဲလပြည့်နေ့ဖြစ်ပါတယ် ဒီနေ့ သည် မြန်မာ့ရိုးရာအနေနဲ့ရော ဗုဒ္ဓသာသနာသမိုင်းအစဉ်အလာ အနေနဲ့ပါ ထူးခြားမှုရှိသော နေ့ ထူးနေ့ မြတ်ဖြစ်တယ်ဆိုတာကို အားလုံးသော အွန်လိုင်းသုံးသူအပေါင်းသိစေချင်ပါတယ် ၁ ။ မြန်မာ့ရိုးရာအနေနဲ့ က ထမင်းနဲပွဲတော်နေ့ဖြစ်ပါတယ် ၂ ။ ဗုဒ္ဓသာသနာတော် သမိုင်းအစဉ်အလာကို ကြည့်မယ်ဆိုရင် ဒီနေ့ ဟာ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မိမိ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ဖခင် သုဒ္ဓေါဒနမင်း၏ ထီနန်းစံပျော်ရာဖြစ်သော ကပိလ၀တ် နေပြည်တော် သို့  ပထမဆုံး ပြန်လည်ခြေချ ၀င်တော်မူခဲ့သော " မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့  " ဖြစ်ပါတယ် ၃ ။ သာသနာတော်မှာ အလွန်ဂုဏ်မြင့်မားပြီးပညာအရာမှာ ထူးခြားခြင်း ။ တန်ခိုးအရာမှာ ထူးခြားခြင်း တစ်မျိုးစီ ထူးခြားခဲ့ကြတဲ့ မြတ်စွာဘုရား၏ အားထားရသော လက်ျာတော်ရံ/ လက်ဝဲတော်ရံ မဟာအဂ္ဂသာဝကကြီးများဖြစ်တော်မူသော အရှင်သာရိပုတ္တရာ/အရှင်မဟာမောဂ္ဂလာန် အရှင်မြတ်နှစ်ပါး အား အဂ္ဂသာဝကရာထူးခန့်အပ်တဲ့ အစည်းအဝေးပွဲကြီးကို ပြုလုပ်တော်မူသော " မဟာအဂ္ဂသာဝက မဟာသန္နိပါတ ( မဟာအဂ္ဂသာဝက ) အစည်းအဝေးနေ့  " ဖြစ်ပါတယ် ၄ ။ အစည်းအဝေးပြီးပြီးချင်းမှာမဲ ရဟန်တော်များ လိုက်နာကျင့်ကြံရမည့် ကိုယ့်ကျင့်တရားနဲ့  ထားရှိရမည့် စိတ်ထားတွေကို ဟောပြညွှန်ကြား သြ၀ါဒပေးသနားတော်မူတဲ့ " သြ၀ါဒပါတိမောဂ် အခါတော်နေ့  " လည်းဖြစ်ပါတယ် ထို့ ကြောင့် ဒီနေ့ဟာ မြန်မာတို့ရဲ့ ရိုးရာဓလေ့အတွက်ရော မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက်ပါ ထူးခြားပြီး သမိုင်းဝင်တဲ့နေ့ တစ်နေ့ အဖြစ် ရပ်တည်ရှင်သန်နေပါတယ်ဆိုတာကို အားလုံးသော အွန်လိုင်းသုံးကြသူ လူ ရှင်ရဟန်းအပေါင်းတို့ အား သိစေချင်သော ဆန္ဒဖြင့် မိမိတို့၏ ဘာသာယဉ်ကျေးမှုကို တန်းဖိုးထားနိုင်ကြပါစေလို့  အထူးသဖြင့် တိုက်တွန်းလိုက်ပါတယ်....။
                                 အရှင် ပညာသာရ(  ကုမုဒြာအရှင်)
                                (မန္တလေး|မနာပကာရီ သမဂ္ဂ ပရဟိတအသင်း )

No comments:

Post a Comment