1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, January 30, 2015

ဝီရသူ(မစိုးရိမ်)

Friday, January 30, 2015

“မဘသလုပ်ငန်းစဉ်(၇)”

အတွဲ(၁)၊ အမှတ်(၅)၊ သာသနာတော်နှစ် ၂၅၅၈ခု၊ ကောဇာနှစ် ၁၃၇၆ခု၊ တပိုတွဲလဆန်း(၈)ရက် (၂၇-၁-၂၀၁၅)အင်္ဂါနေ့ထုတ် အတုမရှိအမျိုးသားရေးဂျာနယ် စာမျက်နှာ-၁၅-မှ ဝီရသူ(မစိုးရိမ်) ရေးသားသော “စည်းရုံးရေးခရီးထွက်ခြင်း” ဆောင်းပါးအား ကူးယူဖော်ပြသည်။

“မဘသလုပ်ငန်းစဉ်(၇)”

“စည်းရုံးရေးခရီးထွက်ခြင်း”
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီး၏ လုပ်ငန်းစဉ်(၆)ရပ်တွင် အသိပညာပေး စည်းရုံးရေးကဏ္ဍ ပါဝင်ပေသည်။
သက်ဆိုင်ရာ မြို့နယ် မဘသ အဖွဲ့များသည် မိမိတို့မြို့နယ် အသီးသီးရှိ ကျေးရွာများသို့ အသိပညာပေး ဟောပြောပွဲများကျင်းပခြင်းဖြင့် စည်းရုံးရေးဆင်းဖို့လိုပါသည်။
ရဟန်းပျို ၅ ပါးစီကြွချီမည်။ နယ်ခံရဟန်းတော်များက ပွဲစီစဉ်ပေးမည်။ နယ်ခံမဟုတ်သူများက ဟောပြောပို့ချ ကြမည်။ ဤနည်းအားဖြင့် ကိုယ့်နယ်မှာသူဟော၊ သူ့နယ်မှာကိုယ်ဟောစနစ်ဖြင့် စည်းရုံးရေးဆင်းကြဖို့ လိုပါသည်။
အချို့မြို့များ၌ အမျိုးဘာသာ ကာကွယ်ရေးအတွက် မြို့အင်အား တစ်ခုတည်းဖြင့် မလုံလောက်တော့ပါ။ ကျေးလက်အင်အားများ များစွာလိုအပ်လာပါသည်။
ကျေးလက်ပြည်သူများသည် ရိုးသားကြ၏။ ဘာသာတရားကို အလေးအနက်ထားကြ၏။ အမှန်တရားကို မြတ်နိုးကြ၏။ မဟုတ်မခံစိတ်အားကြီးကြ၏။ သို့သော် ဗဟုသုတပိုင်းဆိုင်ရာ၌ အားနည်းကြ၏။ ထိုသို့သော အားနည်းချက်ကို မဘသ အဖွဲ့ကြီးက ဖြည့်ဆည်းပေးဖို့လိုပေသည်။
ကျေးလက်ပြည်သူများ အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွလာပြီဆိုလျှင် ကျေးလက်ပြည်သူများသာ အကျိုးရှိသည်မဟုတ်ဘဲ တစ်မျိုးသားလုံး တစ်သာသနာလုံး အကျိုးရှိမည်ဖြစ်လေသည်။ ထို့ကြောင့် တောရော မြို့ပါမကျန် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခရီးထွက်ကြဖို့ လိုပေသည်။
မန္တလေးတိုင်း ရမည်းသင်းမြို့ မဘသအဖွဲ့၏ ဆောင်ရွက်ချက်များသည် အနာဂတ်သာသနာအတွက် အားတက်စရာပင် ဖြစ်ပါသည်။ ရမည်းသင်းကို ငမည်းသင်းမဖြစ်အောင် ကာကွယ်ရေးအတွက် မြို့အင်အား တစ်ခုတည်းဖြင့် မလုံလောက်တော့ပါ။ တောအင်အားကိုပါ ယူနေရပြီဖြစ်ပါသည်။ ကျေးရွာများသို့ စည်းရုံးရေးဆင်းရသည်မှာ ခက်ခဲသောအရာကားမဟုတ်ပါ။ ကျေးလက်မှ လက်ကမ်းကြိုဆိုနေကြသောကြောင့် ဖြစ်ပါသည်။ တစ်ပွဲနှစ်ပွဲမျှ ဆင်နွှဲလိုက်ရုံဖြင့်ပင် အပင်ပန်းခံရကျိုးနပ်မှန်း သိရှိသွားမည်ဖြစ်ပါသည်။ အောင်မြင်မှု ပီတိပေးဆပ်ခြင်းအရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
နတ်တလင်း၊ ကျုံမငေး၊ ဖြူး၊ လားရှိုး၊ တမူး၊ ကလေးမြို့တို့ရှိ မဘသ အဖွဲ့ဝင် ရဟန်းသံဃာများ အမျိုးကောင်း သားများ အမျိုးကောင်းသမီးများသည် စနစ်ကျသော ဆောင်ရွက်ချက်များဖြင့် တက်ကြွလှုပ်ရှားသော လူငယ်အဖွဲ့များဖြစ်ကြပါသည်။
ဗီနိုင်းပိုစတာများ ချိတ်ဆွဲထားမည်။ မြေပုံအညွှန်းများ ပြသထားမည်။ တီဗီ၊ ပရိုဂျက်တာများဖြင့် ပြသပေးမည်။ ပြရင်းဟော၊ ဟောရင်းပြ၊ မြေပုံထောက်၍ ပို့ချကြမည်ဆိုလျှင် တောသူတောင်သားများ မျက်ဝါးထင်ထင် တွေ့မြင်ရမည်ဖြစ်ပေသည်။ တောသူတောင်သားများ အသိအမြင်ရှင်းသွားပြီဆိုလျှင် ၉၆၉ လမ်းစဉ်လိုက်နာရေး ကို အထူးတလည်ဟောကြားစရာပင် မလိုအပ်တော့ပါ။
ယခုအခါ အင်တာနက်အွန်လိုင်းကျေးဇူးကြောင့် ဂျီဟဒ်ဝါဒီတို့၏ အကြံဆိုးများ၊ သောင်းကျန်းမှုများ၊ ယုတ်မာမှုများ အလွယ်တကူ ရှာဖွေရရှိနေပြီဖြစ်သည်။ ထိုအချက်အလက်များကို အကိုးအကားပြု၍ အန္တရာယ် ကြီးမားပုံကို လက်တွေ့အားဖြင့် ပြသနိုင်ပေသည်။ ဥပမာ ISIS အဖွဲ့က ခရဇ်ယာန်ပြည်သူများ ကို လူမျိုးသုဉ်း သတ်ဖြတ်နေပုံများ၊ ခရဇ်ယန်အမျိုးသမီးများကို ဘာသာသိမ်းသွင်း နေပုံများ၊ အကြမ်းဖက် အဓမ္မကျင့် သိမ်းပိုက် နေပုံများ သတင်းထောက်များကို ခေါင်းဖြတ်သတ်နေပုံများ၊ နိုက်ဂျီရီးယားမှ ဘိုကိုဟာရမ်အဖွဲ့၊ ကမ္ဘာတစ်လွှား မှ တာလီဘန်၊ အယ်လ်ကိုင်ဒါ စသည့် အကြမ်းဖက်အဖွဲ့ များ ဆင်နွှဲသည့် ဂျီဟဒ်စစ်တလင်းအနိဋ္ဌာရုံများကို ရှင်းလင်းပြသနိုင်ပေသည်။
မကြာသေးသော ဇန်နဝါရီလ (၇)ရက်နေ့နှင့်(၁၁)ရက်နေ့များ၌ ပြင်သစ်နိုင်ငံ ပါရီမြို့ ချာလီမဂ္ဂဇင်းတိုက မီးရှို့ အဖျက်ဆီးခံရမှုတို့ကို သက်သေပြုကာ နိုင်ငံတကာခေါင်းဆောင်များ ချီတက်ရှုတ်ချရသည်အထိ အန္တရာယ် ကြီးမားပုံများကိုလည်း ဟောပြောပို့ချနိုင်ပေသည်။
နိုင်ငံတကာ အကြမ်းဖက်မှုများပြီးလျှင် ရခိုင်အရေးအခင်းကိုလည်း ရှင်းလင်းပြသနိုင်ပေသည်။ မည်သည့် ပြဿနာ၊ မည်သည့်ရန်ငြိုးရန်စမျှ မရှိမူဘဲ မောင်တောမြို့ ဗလီထဲမှ မူဆလင်များ ထောင်ချီသောင်းချီ အုပ်စုဖွဲ့ပြီး ဒေါသတကြီး ပြေးထွက်လာကာ ရခိုင်ပိုင်အဆောက်အအုံများ၊ ရခိုင်ကျေးရွာများ၊ ရခိုင်ပြည်သူ များ၊ ရခိုင်ဘုန်းတော်ကြီးများကို အကြမ်းဖက် ဖျက်ဆီးလုယက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းဖိုင်လ်များကို လည်း ပြသနိုင်ပေသည်။
၎င်းတို့ အင်အားကောင်းလာလျှင် မလွှဲမသွေ တွေ့ကြုံရမည့် အကြမ်းဖက်ဘေးအန္တရာယ်။ ၄င်းတို့ အကြမ်းဖက် ရခြင်းအကြောင်းရင်း၊ အကြမ်းဖက်စစ်ပွဲ(ဂျီဟဒ်)အဓိပ္ပာယ်များနှင့် ဂျီဟဒ်ဝါဒီတို့၏ ယုံကြည်ထားပုံများကို ရှင်းလင်းပြသခြင်းဖြင့် ဂျီဟဒ်အန္တရာယ်ကို ပြည်သူများ သိရှိခွင့်ရမည်ဖြစ်ပေသည်။
ဂျီဟဒ်ဆိုသည်မှာ မူဆလင်များက မူဆလင်မဟုတ်သူများကို စစ်တိုက်၍ မူဆလင်နိုင်ငံထူထောင်ခြင်းပင် ဖြစ်သည်ကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို သက်သေပြ၍ ဟောကြားနိုင်ပေသည်။
786 ဂဏန်းသုံးလုံး၏ ရည်ညွှန်းချက်၊ 786 စီမံကိန်းလာ နည်းဗျူဟာများကိုလည်း ရှင်းလင်းပြသ နိုင်ပေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှ ထိုင်းဘုန်းကြီးများ ဆွမ်းခံကြွရာတွင် စစ်သားများ သေနတ်ကိုင်လိုက်ပါနေကြရပုံ၊ ထိုင်းဘုန်းကြီးများ၊ ထိုင်းပြည်သူများ ဆွမ်းခံနေစဉ် ဆွမ်းလောင်းနေစဉ်မှာပင် မူဆလင်အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်၍ ဘုန်းကြီးရောလူပါ သေနတ်မှန်သေကြရပုံများကို ပြသဟောပြောပေး ဖို့လည်း လိုပေသည်။
မဘသ အဖွဲ့ကြီးသည် အမျိုးဘာသာ သာနသာကို စောင့်ရှောက်ဖို့ ဖွဲ့စည်းထားသည်ဖြစ်ရာ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာ မဟုတ်သည့် အခြားသော တိုင်းရင်းသားလူမျိုးများ၊ ၄င်းတို့ကိုးကွယ်ရာ ဘာသာ သာသနာ များကိုလည်း စောင့်ရှောက်ရမည့်တာဝန်ရှိပေသည်။ ထို့ကြောင့် ခရဇ်ယန်ရွာများ၊ ဟိန္ဒူရွာများသို့ လည်း အသိပညာ ပေးစည်းရုံးရေးဆင်းရမည်ဖြစ်ပေသည်။
လားရှိုး မဘသနှင့် ကလေး မဘသ အဖွဲ့သည် ခရဇ်ယန်ဘာသာဝင် တိုင်းရင်းသူ/သား ကျေးရွာများသို့ပါ ကြွရောက်စည်းရုံးကြသည်ကို တွေ့ရပါသည်။ အောင်မြင်သည်ချည်းဖြစ်ပါသည်။ ကလေး မဘသအဖွဲ့ လာမည့်လမ်းတစ်လျှောက်မြစ်ကမ်းပေါ်မှ ကြိုဆိုနေကြသည့် ခရဇ်ယန်ပြည်သူများကို မြင်တွေ့လိုက်ရရုံမျှ ဖြင့်ပင် အမောပြေကြရသည်ဟု ဦးဆောင်ဆရာတော်များကဆိုပါသည်။
ခရဇ်ယန်တိုင်းရင်းသား/သူများ၏ အမျိုးသားရေးအသိအမြင်များကြောင့် ခိုးဝင်ဘင်္ဂလီများတွေ့လျှင် သတင်းပေးခြင်း၊ ဝိုင်းကူဖမ်းပေးခြင်းများဖြင့် တစ်မျိုးသားလုံး၏ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်လာ ကြသည်ကိုပင် တွေ့ရပါသည်။
ထိုသို့သော တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အမျိုးဘာသာ သာသနာလုံခြုံစိတ်ချရခြင်းစသော အကျိုးတရားများကို ရှေးရှု၍ မဘသ အဖွဲ့တိုင်း စည်းရုံး ရေးဆင်းဖို့ လိုအပ်ပေသည်။
ထိုသို့ ဟောပြောရာ၌ သူတစ်ပါးထောက်စရာမဖြစ်ရလေအောင် ဂျီဟဒ်အန္တရာယ်၊ အကြမ်းဖက်အန္တရာယ်၊ ဂျီဟဒ်ဝါဒီတို့၏ အမူအကျင့်များကိုသာ ပေါ်လွင်အောင် ဟောပြောရမည်ဖြစ်ပါသည်။ မီးကို မီးမှန်းမသိ၍ ကိုင်မိလျှင် လက်ပူတတ်ကြောင်း၊ အန္တရာယ်ကို အန္တရာယ်မှန်းမသိ၍ လက်ခံမိလျှင် အန္တရာယ်ကျရောက် တတ်ကြောင်း သဘောမျှသာ ပြောပြရမည်ဖြစ်ကာ အန္တရာယ်ကင်းရေး လုံခြုံရေးအတွက် အဓိကထားခြင်းသာ ဖြစ်ကြောင်း ပေါ်လွင်စေရမည်ဖြစ်ပေသည်။
အန္တရာယ်မကျရောက်သေးသော ကျေးရွာများ အန္တရာယ်ပေးသူများကို အဝင်မခံရေး၊ အန္တရာယ်ပေးနိုင် လောက်အောင် အင်အားမကြီးသေးလျှင် သတိဝီရိယဖြင့် စောင့်ကြည့်ရေးတို့ကို အစဉ်မပြတ် ဆောင်ရွက်စေဖို့ လိုအပ်ပေသည်။
ဘုရားတည်မည့်သူနှင့် ဘုရားဖျက်မည့်သူ
ကျောင်းဆောက်မည့်သူနှင့် ကျောင်းဖျက်မည့်သူ
သာသနာပြုမည့်သူနှင့် သာနသာဖျက်မည့်သူ
အမျိုးစောင့်မည့်သူနှင့် အမျိုးဖျက်မည့်သူတို့တွင် မည်သူ့ကို ပေါင်းသင်းဆက်ဆံထိုက်သည်။ မည်သူ့ဆိုင်ကို အားပေးထိုက်သည် စသည်များကို အလိုလိုသိလာကာ ပင်ကိုယ်အသိစတ်ဓာတ်ဖြင့် ရှောင်ကြဉ်လာနိုင်ရေး သာ အရေးကြီးခြင်းဖြစ်ပါသည်။
၉၆၉ ဆိုင်မှာ ဈေးဝယ်ခြင်း၊
၉၆၉ ဘတ်စ်ကား စီးခြင်း၊
၉၆၉ တက္ကစီ ငှားခြင်း၊
၉၆၉ အချင်းချင်းသာ အရောင်းအဝယ်ပြုခြင်း
၉၆၉ အချင်းချင်းသာ လက်ထပ်ထိမ်းမြားခြင်း
ဤသို့သော ၉၆၉ မူဝါဒ ၉၆၉ လမ်းစဉ်သည်သာ အန္တရာယ်အကင်းဆုံး အလုံခြုံဆုံး အထိရောက်ဆုံး ဖြစ်၍ ၉၆၉ နည်းလမ်းကိုသာ လိုက်နာကျင့်သုံးဖို့ အထူးလိုအပ်ကြောင်း၊ အခြားသော နည်းလမ်းများမှာ ထိမိလည်း အန္တရာယ်မကင်း၊ အမျိုးဘာသာကိုလည်း ထိရောက်စွာ မကာကွယ်နိုင် တိုင်းပြည်နှင့်လူမျိုး ဘာသာနှင့် သာသနာတော်၏ ပုံရိပ်တို့ကိုပင် ထိခိုက်နစ်နာစေသည်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် နစ်နာသော ဥပဒေပြင်ပနည်းလမ်းများကို မသုံးမိစေဖို့ အထူးသဖြင့် မေတ္တာရပ်ခံထားရမည်ဖြစ်ပေသည်။
မဘသ အဖွဲ့သားများအားလုံး အသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လှည့်လည်စည်းရုံးခြင်းဖြင့် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး နိုင်ကြပြီးလျှင် အမျိုးဘာသာ သာနသာ၏ အန္တရာယ် ရန်စွယ်မှန်သမျှကို ခုခံကာကွယ်နိုင်စွမ်းသူ များ ဖြစ်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
14.1.2015

PM 12:50


ဝီရသူ at 3:49 AM
Share

No comments:
Post a Comment


Home
View web version
Powered by Blogger

No comments:

Post a Comment