1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, January 29, 2015

ဝီရိယကို ညီမျှစွာ ထားသင့်ကြောင်း(အရှင်သီလာနန္ဒ-မန္တလေး)

#နမော တဿ       ဘဂဝတော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ      #

""ဝီရိယကို ညီမျှ စွာ ထားသင့်ကြောင်း""
         
    သမေဝ သတိ ဥဿာဟေ၊
    သုခဝါဟော ဟိတင်္ကရော။
    ဦနေ-ဓိကေ တထာ နောဟိ၊
    မဇ္ဈဂေါ သာဓု သဗ္ဗဒါ။

    "မည်သည့်အရာမဆို ဝီရိယကို ညီမျှ စွာ ထားပါ၊
အပိုအသာ အလျော့ အတင်း မရှိပါစေလင့်၊
အလည်တည့်တည့်ကျ ပြီး ဝီရိယ ညီမျှ
လျှ င်  ချမ်းသာကို ရွက်ဆောင်၍ အကျိုး
ဖြစ်ထွန်းအောင်ပြု လိမ့်မည်။ လျော့ခြင်း
ပိုလွန်ခြင်း နှစ်ပါးသည် ထိုချမ်းသာ စီးပွား
ကို ရွက်ဆောင်လိမ့်မည် မဟုတ်။
မည်သည့်အရာမဆို အလယ်လမ်းသို့
လိုက်ခြင်းသည် အကောင်းဆုံးပေတည်း။"
ဟူ၍ဆိုလိုသည်။
          မည်သည့်ကိစ္စရေးရာတို့ကိုမဆို
ပြု လုပ်ဆောင်ရွက်သောအခါ ဝီရိယစိတ်
ကို ဖြောင့်မတ် ညီမျှ စွာ ထားရာ၏။
မှန်မှန်ပြု လုပ်ခြင်းမည်သည် အလုပ်လ
ည်းသေသပ်၍ ဝီရိယအကျိုးကို ခံစားရ
မြဲဖြစ်၏။ အလုပ်ကိစ္စကို ဆောင်ရွက်ရာ
ဌာန ဟူသမျှတို့မှာ ဝီရိယသည် ဦးစီးနာ
ယက ဖြစ်၏။ ဝီရိယအစွမ်းကိုလိုက်၍
အကျိုးဖြစ်ထွန်းခြင်း၏ အနည်း၊ အများ
ကွဲပြားခြားနားလျှ က် ရှိလေသည်။
           ထို့ကြောင့် သူငယ်ချင်း စာသင်သားများမှ၍
မိမိတို့ ဘဝတက်လမ်းကို ရှာကြံလိုသော
သူတို့သည် လျင်စွာတတ်မြောက်လို လျင်
စွာ တိုးတက်လိုသည်နှင့် အပန်းတကြီး
နေ့မီး၊ ညမီး ဆက်လက်၍ သင်ကြားအား
ထုတ်ပါလျှ င် ပညာမတတ်ဘဲ မတိုးတက်ဘဲ
လမ်းခုလတ်တွင် ခါးတစ်ပိုင်းကျိုးသော
မြွေကဲ့သို့ ဒုက္ခတွေ့ ကြုံ တတ်လေသည်။
           ဝီရိယအစွမ်း ထက်သန်တိုင်းလည်း
ဝီရိယ၏ တည်ရာ (ကိုယ်) ရုပ်ကြီးက
လိုက်နိုင်မည် မဟုတ်ချေ ။ ရုပ်ကိုယ်ကြီး
မှာ မဟာဘုတ်လေးပါးကို အခိုင်အမာပြု
ပြီးလျှ င် ဥတုနှင့် အာဟာရများ၏ အစီအမံကိုလည်း
ခံ၍နေရလေ၏။ သို့ဖြစ်၍ ဝီရိယအစွမ်းနှင့်
မိမိတို့ ရုပ်အစွမ်းကိုလည်း မျှတစေဖို့
သတိပြု ရလေသေးသည်။ ထို့ကြောင့်
သူငယ်ချင်းစာသင်သားများမှစ၍ မိမိတို့
ဘဝတက်လမ်းကို ရှာကြံလိုသော သူများသည်
မိမိတို့၏ ဝီရိယကို ညီမျှစွာ ထားသင့်ကြောင်း
တိုက်တွန်းအပ်ပါသည်။

             အရှင်သီလာနန္ဒ/ မန္တလေး

No comments:

Post a Comment