1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, January 31, 2015

အရှင်မေဓိယ(မိခင် ဧရာဝတီ)

ပိုက်ဆံမကုန်သောကုသိုလ်ယူနည်း

၁။  တစ်နေ့လက်ခုပ်သုံးခါတီးပါ။

၂။ နေ့စဉ်ငါးဟင်းချက်စားပါ။

၃။ အေးမြသောရေကိုအမြဲချိုးပေးပါ။

၎။ တောင်ဝှေးသုံးချောင်းထောက်၍သွားပါ။

၁။ တစ်နေ့လက်ခုပ်သုံးခါတီးဆိုသည်မှာ
အိပ်ယာဝင် အိပ်ယာထ အလုပ်သွားချိန်တိုင်း ရတနားသုံးပါးအား ဦးသုံးကြိမ်ချခိုင်းခြင်းဖြစ်သည်။

၂။ နေ့စဉ်ငါးဟင်းချက်စားဆိုသည်မှာ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းခိုင်းခြင်းဖြစ်သည်။

၃။ အေးမြသောရေကို အမြဲချိုးဆိုသည်မှာ သတ္တဝါအားလုံးအပေါ် မေတ္တာအမြဲ ပို့သခိုင်းခြင်းဖြစ်သည်။

၎။တောင်ဝှေးသုံးချောင်းထောက်၍သွား ဆိုသည်မှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယဉ်သုံးပါးကို ရှုမှတ်ပွားများ ခိုင်းခြင်းဖြစ်သည်။

No comments:

Post a Comment