1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, January 29, 2015

ပညာရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်

ပညာရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်
The Free Note / 3 hours ago

ပူးတွဲကြေညာချက်ကို အစိုးရတာဝန်ရှိသူများနှင့် ကျောင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ − MOI)

အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုမှာ အဆင်ပြေခဲ့ပြီး အချက်လေးချက်ပါသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် ပထမအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန်၊ ကျောင်းသားကိုယ်စားလှယ်များ တင်ပြသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကျန်ရှိနေသည်များကိုလည်း ဆက်လက်ဆွေးနွေး အဖြေရှာရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့တွင် သပိတ်စခန်း ရပ်နားသွားမည်ဟူ၍ ဖြစ်သည်။

‘‘တွေ့ဆုံဆွေးနွေးမှု အခြေအနေအရ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီအ နေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်တဲ့ ၁၁ ချက်ကို ဒီမိုကရေ စီနည်းအရ ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်’’ ဟု သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် ကိုနန္ဒစစ်အောင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနရုံးတွင် နံနက် ၁၀ နာရီခွဲမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ ဆွေးနွေးခဲ့ ပြီး ကျောင်းသားများ တောင်းဆိုသည့် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါ ရီ ၁ ရက်တွင် ကျင်းပရန် သမ္မတက ခွင့်ပြုပေးလိုက်ကြောင်း သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်း မတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့နှင့် NNER တို့ဖြင့်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

‘‘တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဒါကို ဆက်ပြီး လုပ်သွားမှာဖြစ်ပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပာယ်ကောက် လွဲနေတာဖြစ်တယ်။ ဒီဘက်ကလည်း လုပ်ပေးသင့်၊ လုပ်ပေးထိုက်တာတွေကို ဒီဘက်က အစိုးရအဖွဲ့ကလည်း လွှတ်တော်ကို ပို့ပြီးပါပြီ။ လွှတ်တော်ကလည်း သူတို့မသိတာတွေ ဒီဘက်ကို ပြန်မေးတယ်၊ ပြန်ပို့တယ်။ ဒါတွေကို ကျွန်တော်တို့က လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို လုပ်ထားတယ်ဆိုတာကို ကျောင်းသားတွေက မသိဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒါကို ကျောင်းသား တွေသိအောင်လို့ ဒီနေ့လည်း ဒါလေးတွေကို သူတို့ကို ကျွန်တော် ပြောပြပါတယ်။ ဒီမိုကရေစီကျင့်စဉ်ပဲဗျာ။ တူတာတွေ ပေါင်းလုပ်မယ်၊ မတူတာတွေကို ဆက်ဆွေး နွေးမယ်ဆိုတာပါပဲ’’ ဟု သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်မှုမရှိစေဘဲ အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး  ပညာရေး ၀န်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်ကို ရထားပြီးဖြစ်၍ ယင်း ၁၁ ချက်အား ဆွေးနွေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်ကိုမူ မတွေ့ရှိရပေ။

သို့သော် ကျောင်းသားများ အနေဖြင့် သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ ကျင်းပသည့်နေ့တွင် သပိတ်ခေတ္တရပ်နားမည်ဖြစ်ကာ ဆွေးနွေးချက်များ အောင်မြင်မှု မရှိပါက ဆက်လက်ချီတက်သွားမည်ဟု သိရသည်။

‘‘ပူးတွဲကြေညာချက်ထဲမှာပါတဲ့ သပိတ်လှုပ်ရှားမှုကို ရပ်နားမယ်ဆိုတာက ကျွန်တော်တို့ သပိတ်လှန်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သပိတ်တိုက်ပွဲက မပြီးသေးဘူး။ သပိတ်ကို ခေတ္တနားတဲ့ သဘောသာဖြစ်တယ်။ အချက် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးလို့မှ အစိုးရဘက်က ကျွန်တော်တို့ ကျေနပ်နိုင်တဲ့အတိုင်း အသာမရဘဲနဲ့ သူတို့ဘက်က တင်းခံတဲ့ အနေအထားရှိနေရင် ဒီသပိတ်က ဆက်ပြီး ရှိနေဦးမှာပါ’’ ဟု ကျောင်းသားကိုယ်စားလှယ် ကိုမှိုင်းဆန်းအောင်ကပြောသည်။

7Day Daily

Ref & Credit : http://7daydaily.com/story/30515#.VMnPUJTBBQ4

www.thefreenote.com
Visit website

No comments:

Post a Comment