1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, January 29, 2015

(အရှင်သီလာနန္ဒ/မန္တလေး)

"နမော တဿ       ဘဂဝတော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ      "

             ##နိဗ္ဗာန်ဈေး##
                **************
ဗျာဓိတံ ဇနတံ ဒိသွာ၊
အမတာပဏံ ပသာရယိံ။
ကမ္မေန တံ ကိဏိတွာန၊
အမတံ အာဒေထ ဘိက္ခဝေါ။
          
                    ( မိလိန္ဒပဥှာပါဠိတော်)

"ငါ၏ဆိုင်ရာ သာသနာဝယ် ဝန်တာကိုထမ်း အိုချစ်သား ချစ်သမီးတို့။ ကိုးဆယ့်
ခြောက်ဖြာ  ဘေးရောဂါနှင့် အိုနာသေမှု
ဘေးထုပြင်းပြ ခံစား၍နေရသော။
လူနတ်ဗြာဟ္မာ သတ္တဝါအပေါင်းကို
ဥာဏ်အားထင်ထင် တွေ့မြင်ရသည်ဖြစ်
၍ အိုနာသေရေး ဒုက္ခဘေးတို့ ကင်းဝေး
စေရန် စိတ်အကြံဖြင့် ဓိဋ္ဌာန်အေးအေး
နိဗ္ဗာန်ဈေးကို။ စွမ်းနိုင်သူများ ဝယ်ယူစား
ဖို့ ခမ်းနားသန့်ရှင်း ဖြန်ခင်းတော်မူလိုက်
လေပြီ။အမြို က်ခေါ်ရေး နိဗ္ဗာန်ဈေးကို။
ဒါန သီလ ဘာဝနာဟု လွန်စွာကြိုးကုတ်
အလုပ်အနေ အဖိုးငွေဖြင့်။ ဈေးလည်းမ
ဆစ် ငွေမထစ်ပဲ စနစ်မပယ် ကောင်းစွာ
ဝယ်၍။ အို နာ သေမှု ဘေးထုကင်းကွာ
မြို က်သုခါကို။ အခွင့်သာတောင်း အခါ
ကောင်း၌ အကြောင်းတိုက်ဆုံ......ကြိုးစာ
း၍ ဝယ်လိုက်ကြပါကုန်လော့။။
          မိလိန္ဒပဥှာတွင် မိလိန္ဒမင်းက မေး
လျှောက်၍ အရှင်နာဂသိန်မထေရ်က
ဥပမာဖြင့် ဖြေကြားသည်မှာ.........
"မြတ်စွာဘုရားက မြို့တော်ကြီးတစ်ခု
တည်ထားပါသတဲ့-အဲ့ဒီမြို့တော်ကြီးကို
"ဓမ္မမြို့တော်"လို့ အမည်ပေးသတဲ့။
မြို့တော်ကြီးကို သီလအုတ်တံတိုင်းမြို့ရိုး
ကျုံးကြီးများဖြင့် ပတ်ပတ်လည်ကာရံလို့
မြို့တော်အတွင်း ဖြောင့်ဖြူးကျ ယ်ပြန့်တဲ့
သတိပဋ္ဌာန်လမ်းမကြီးတွေ  ဖောက်လို့။
အရပ်လေးမျက်နှာက လာ၍ဆုံတဲ့ သုတ္တ
န်လမ်းလေးကွ အဘိဓမ္မာလမ်းဆုံ ဝိနည်း
တရား ခုံရုံးတော်ကြီးများလည်း ဖွင့်ထား
သတဲ့။
         အလယ်ကောင်မှာရှိတဲ့ အဆောက်
အအုံကြီးကတော့ ပညာပြသာဒ် အထွတ်
အဖူး တုရင်မှန်းကင်းကြီးနဲ့ မိုးထိနီးပါး
မြင့်ဟီးနေသတဲ့။
မြို့တော်အဝင်ဝ မုခ်ဦးပေါက်ကြီးတော့
ဥာဏ်မုခ်ဝကြီး။ ဝီရိယရင်တား ပစ္စင်
သဒ္ဓါတံခါး(တုရိုဏ်)တိုင်ကြီး။ မုခ်ဦးအဝ
အမြဲစောင့်နေတာက သတိဒရဝန်။
ဤသို့ စသည် အင်္ဂါရပ် စုံညီသော မြို့တေ
ာ်ကြီးတစ်ခု တည်ထားပါသတဲ့။
       ဤသို့သော မြို့တော်ကြီးအတွင်းမှာ
မြတ်စွာဘုရားက ဗဟိုဈေးရုံကြီး ဖွင့်ထား
ပါသတဲ့။ နာမည်ကိုတော့"နိဗ္ဗာန်ဈေး"လို့
အမည်ပေးထားပြီးလျှ င် ထိုအတွင်းမှာ---"အလှအပ အကြွအရွ ရောင်စုံ ပန်းပွင့်
ပန်းခိုင်တွေရောင်းသော ပန်းဈေးတန်း
ကြီး၊ မွေးပျံ့သောနံ့သာ ကရမက် သနပ်ခါး ပေါင်ဒါ ရောင်းသောဆိုင်တမ်း
ကြီး၊ စားကောင်းသောက်ဖွယ် သစ်သီး
ဖလံ မျိုးစုံရောင်းတဲ့ သစ်သီးတန်းကြီးနှ
င့်---
        အို-နာ-သေ ရောဂါတွေ ပျောက်က
င်းစေနိုင်သော ဆေးမျိုးစုံရောင်းသည့်
ဘယဆေးဆိုင်တန်း၊ နားကပ် လက်စွပ်
ဆွဲကြိုး ဘယက်တန်ဆာ ဒွါရယာ ရတ
နာမျိုးစုံရောင်းသော ရွှေဆိုတန်း၊ ချမ်း
မြေ့ အေးလှိုဏ် အမြို က်ရေစဉ် အမြို က်
သုဓါတွေရောင်းသော (အမတာပဏ)
ဈေးတန်း၊ ထွေထွေ ရာရာ(စူရတီ)ကုန်
မျိုးစုံရောင်းသော အတန်း"။ ဟူ၍
ခမ်းခမ်းနားနား ခင်းကျင်းထားပါသတဲ့။
သတ္တဝါတို့သည် မိမိတို့ ကြို က်နှစ်သက်
ရာ ဝယ်ယူသုံးစွဲနိုင်ကြသည်ဟု ဆို၏။
           ထိုတွင် "ပန်းမျိုးစုံ"ဟူသည်မှာ
အနိစ္စ ဒုက္ခ အနတ္တ အသုဘသညာ အာနာပါန စသော အာရုံပန်းတို့ကို ဆိုလို
ပါသည်။ မွေးပျံ့သောနံ့သာ ကရမက်ဟူ
သည်ကာ သီလရနံ့တို့ကို ဆိုလိုပါသည်။
သီလရနံ့မှာ ဝန်းကျင်မျက်နှာ ဆယ်ဖြာပ
တ်နှောက် ထက်အောက်အနှံ့ မွေးပျံ့သင်
းလှိုင် ကြိုင်စေနိုင်ပါသည်။
သစ်သီးတန်းဟူသည်ကား မဂ်သီး ဖိုလ်
သီးများကို ဆိုလိုပါသည်။
ဘယဆေးများဟူသည်ကား သတိပဋ္ဌာန်
သမ္မပ္ပဓာန် ဣဒ္ဓိပါဒ် ဣနြေ္ဒ ဗိုလ် ဗောဇ္ဈင်
မဂ္ဂင်တို့ကို ဆိုလိုပါသည်။
ယင်းဆေးတို့ဖြင့် ကုသပါက အို နာ သေ
ရောဂါတို့ ပျောက်ကင်း၍ မအို မနာ
မသေနိုင်တော့ပြီ။
စိန် ရွှေ ရတနာ တန်ဆာများဟူသည်
သီလ သမာဓိ ပညာ စသည်တို့ကို ဆိုလို
ပါသည်။
"အမြို က်သုဓာ အမြို က်ဆေး"ဟူသည်
ကား ကာယဂတာသတိကို ဆိုလိုပါသည်
။ခန္ဓာကိုယ်တစ်ခုလုံး ၃၂ ကောဋ္ဌာသ၌
သတိကပ်၍ ရှု့မှတ်ပွားများရသော ကာယ
ဂတာသတိကို "အမြို က်သုဓာ"ဟူ၍ ဆို
၏။"အမြို က်သုဓာ"လို အရသာရှိသော
တရားဟု တင်စားထားခြင်းဖြစ်ပါသည်။
             ထိုစကားမှန်ပါတယ်---တနေရာ
တွင် မြတ်စွာဘုရားက(အမတံ တေ
ဘက္ခဝေ ပရိဘုဉ္ဇန္တိယေ၊ ကာယဂတာသ
တိံ ပရိဘုဉ္ဇန္တိ(အင်္ဂုတ္တရ။၁။၂၄။)၌ ကာယ
ဂတာသတိကို သုံးဆောင်သောသူတို့
သည် အမြို က်သုဓာကို သုံးဆောင်ကြ
သည်မည်၏"ဟု ဆိုထားပါသည်။
             ထို့ကြောင့် မြတ်စွာဘုရားက
အို နာ သေ ဝေနေယျ တို့ကို လောက၌
မြင်ထား၍ ကုစားနိုင်ဖို့ရာ "နိဗ္ဗာန်ဈေးကြီး"
ဖွင့်ထားလိုက်ပါပြီ။
သီလ သမာဓိ ပညာ အဖိုးအခများပေး၍
မည်သူမဆို လွတ်လွတ်လပ်လပ် ဝယ်ယူ
နိုင်ကြပါပြီ။ ဝယ်လိုက်ကြဟူ၍ မြတ်စွာ
ဘုရားက မိန့်လေဟန်ကို အရှင်နာဂသိန်
က ပြောပါသည်။
ဒါကြောင့် ဈေးတန်းကြီးဖွင့်ထားတုန်း
လူဘဝကိုလည်း ရတုန်း အခွင့်အခါ
ကောင်းလိုက်မှာ ဈေးလည်းမဆစ် ငွေမ
ထစ်ပဲ ဝယ်ဖြစ်အောင် ဝယ်လိုက်ကြကုန်
လော့ဟူ၍ ဦးဇင်းရဲ့ ဒကာ ဒကာမအပေါင်း
သူငယ်ချင်းအပေါင်းအသင်းအားလုံးကို
တိုက်တွန်းလိုက်ရပါသည်။

အားလုံးသောသတ္တဝါတွေ ကိုယ်စိတ်နှစ်
ဖြာ ဘေးရန်ကွာ၍ ကောင်းကျိုးလိုရာ
ဆန္ဒအပေါင်းနှင့် ပြည့်စုံကြပါစေ။

             (အရှင်သီလာနန္ဒ/မန္တလေး)

No comments:

Post a Comment